မြတ်ဗုဒ္ဓ၏အကောင်းမြင်ဝါဒ - The Buddha’s Positive Thinking ▬▬▬...


မြတ်ဗုဒ္ဓ၏အကောင်းမြင်ဝါဒ - The Buddha’s Positive Thinking ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (အပိုင်း - ၄) ★ ဒုက္ခနည်းအောင် နေတတ်ဖို့၊ ဒုက္ခနည်းအောင် နေတတ်ဖို့ ဆိုတဲ့နေရာမှာ နောက်ဘဝထိစောင့်ဖို့ မလိုဘူး ဒီမှာတင်ချက်ချင်း ဖြစ်တယ်။ အပြင်က ဘာမှမမြင်ရတဲ့ နတ်တွေ၊ ဘယ်သူမှမမြင်ရတဲ့ ဖန်ဆင်းရှင်ဆိုတဲ့ ပုဂ္ဂိုလ်တွေ အဲဒီ ပုဂ္ဂိုလ်တွေ သူတို့ အကူအညီတောင်မလိုပါဘူး။ ★ ကိုယ့်အကူအညီနဲ့၊ ကိုယ့်ကိုယ်တိုင်ရဲ့ လုံလဝီရိယနဲ့ ဒီဒုက္ခ ဒီမှာတင် နည်းအောင် လုပ်တာ။ ဒုက္ခကို မြတ်စွာဘုရားဟောထား ထားတဲ့ထဲမှာ တခုကတော့ #မလွန်ဆန်နိုင်တဲ့ဒုက္ခ။ ဘယ်နိုင်ငံသားဖြစ်ဖြစ်၊ ပိုက်ဆံ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ စာဘယ်လောက်ပဲတတ်တတ်၊ ဘယ်လောက်ပဲ မတတ်မတတ်၊ #လူတိုင်းရှိတဲ့ဒုက္ခ။ ★ မွေးဖွားပြီးရင် one way system ပဲ ဘယ်သွားရတုန်း အိုလာမယ် - #ဇရာ၊ ပြီးရင် တခါမွေး တခါ နေမကောင်းဖြစ်တယ် - #ဗျာဒိဒုက္ခ၊ နောက်ဆုံးကျတော့ သေတယ် - #မရဏဒုက္ခ။ ဒါကျတော့ #သဘာဝဒုက္ခ လို့ခေါ်တယ် involuntary ဖြစ်တယ်။ လိုချင်လဲ ရတယ် မလိုချင်လဲ ရတယ် ဒီဟာကြီးက involuntary ဖြစ်တယ် သဘာဝဒုက္ခ။ ကျန်တဲ့ ဟာတွေကျတော့.. “အပ္ပယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော” ★ မတည်တဲ့လူနဲ့ တွေ့ကြုံရတယ်၊ အတူတူ အလုပ်လုပ်ရတယ်။ အယူအဆချင်း မတူတဲ့လူနဲ့ အသင်းတသင်းထဲမှာ၊ အဖွဲ့အစည်းတခုထဲမှာ၊ ကုမ္ပဏီတခုထဲမှာ အတူတူ အလုပ်လုပ်ရတယ်။ အဲဒီဟာက ကိုယ်ဒီဟာကို ကိုင်တွယ်တတ်တယ်ဆိုရင်လဲ သူက ဒုက္ခ ဖြစ်ဖို့ မလိုဘူး။ ★ ဒီဟာကို မကိုင်တွယ်တတ်လို့ ဒုက္ခ ဖြစ်သွားတယ်ဆိုရင်တော့ ကိုယ်က ကိုယ်က voluntary ဖြစ်နေလို့။ ကိုယ်ကိုယ်တိုင်က ဒီဒုက္ခကို လိုချင်နေလို့။ ★ ရွေးချယ်စရာ နှစ်လမ်းရှိတယ်။ လူတယောက်က ဥပမာ အလုပ်သွားတဲ့အခါ မှာ လိုချင်တဲ့ဟာလေးတွေ သွားမေးတယ်၊ သူ မပြောချင်ဘူး။ မပြောချင်တဲ့ ပုဂ္ဂိုလ်ကို ကြည့်ပြီး ကိုယ် စိတ်ဆင်းရဲမယ်ဆိုရင် စိတ်ဆင်းရဲမယ့် option တခုရှိတယ်။ ★ အဲလို မဟုတ်ပဲနဲ့ အော် ဒီလူကတော့ သူစိတ်ထဲမှာ ဘယ်လို ဒုက္ခ ရှိနေလဲ မသိဘူး။ ဘာများကြောက်စရာတွေးနေလဲ မသိဘူး၊ ဒီ Information တွေပေးတာ သူ့မှာကြောက်စိတ် ဖြစ်နေတယ်ထင်တယ်။ ★ ငါ သူ့ထက်သာသွားမှာများ ပြန်ကြောက်နေလား မသိဘူးဆိုပြီးတော့ သူရဲ့ ဒုက္ခကိုနားလည်ပြီးတော့ ကြည့်လိုက်ရင် အဲဒီအချိန်မှာ သူ့ကို စိတ်ဆိုးမဲ့ အစား သူ့ကို သနားနိုင်တယ်။ ကရုဏာ ဖြစ်နိုင်တယ်။ ★ ဒါကြောင့် မြတ်စွာဘူရားက ဒီနည်းလမ်းကို Present လုပ်ပေးတာ။ သင်ပေးတာ၊ ဒီမှာ ဒီနည်းလမ်းရှိတယ်၊ ဒီလမ်း လျှောက်ရင် ဒီကို ရောက်မယ်။ ဒီဖက် မလျှောက်ပဲနဲ့ ဒီဖက် ဆက်သွားရင်တော့ ဘယ်ကို ရောက်လိမ့်မယ်။ ★ အဲဒါလဲ မြတ်စွာဘုရားက သင်ပြပေးတယ်။ အဲဒါဟာကိုပဲ skillful ဖြစ်တဲ့စိတ် unskillful ဖြစ်တဲ့စိတ်။ ဒုက္ခနည်းအောင်နေတတ်တဲ့ skillful စိတ် အဲဒီစိတ်ကို ကုသိုလ်စိတ်လို့ ခေါ်တယ်။ အလိုလိုနေရင်းနဲ့ ဒုက္ခများအောင် ကိုယ့်ဟာကို နေရင်းနဲ့ top up လုပ် ကိုယ့်ဟာကို နေရင်းနဲ့ top up လုပ်။ ★ လူတယောက်က သူ ဘာကြောင့်ကိုယ့်ကို ဒီလို information မပေးချင်တာလဲ မသိဘူး၊ ဘာကြောင့် မကူညီချင်တာလဲ မသိဘူး။ ဘာကြောင့် ရုံးမှာ မျက်နှာတည်တည်ကြီးနဲ့ မျက်နှာဆူပုတ်ပြီးတော့ ကြည့်နေတာလဲမသိဘူး။ အဲဒီဟာကို တခါတွေးပြီးရင် ခေါင်းထဲမှာ မထွက်နိုင်တာ။ ★ ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ မသိတာ။ အဲဒီ မသိတဲ့နေရာမှာ မြတ်စွာဘုရားလာပြီးတော့ analyse လုပ်ကြည့်တဲ့ အခါကျတော့ စိတ်မတည်ငြိမ်လို့တဲ့။ အလွယ်တကူ စိတ်က တုန်လှုပ်ခြောက်ခြားတာ။ သူများမျက်နှာ နည်းနည်းပျက်ရင် ဒီမှာ စိတ်က ဒီမှာ အရမ်း တုန်လှုပ်ခြောက်ခြားနေတာ။ ★ သူတို့ကြိုက်တာကို ကိုယ်က မျှော်လင့်ထားတာကို၊ သူတို့ approve လုပ်တာ approval ပေးတာကို ကိုယ်က စောင့်နေတာ။ စောင့်ပြီး မျှော်လင့်နေတော့ expected လုပ်နေတာ။ အလုပ်မှာ အတူတူလုပ်တဲ့လူတွေ သူတို့ အားလုံးက ငါကို အကောင်းမြင်လိမ့်မယ်။ ငါ့ကို approved လုပ်လိမ့်မယ်။ ငါကို အသိအမှတ်ပြုလိမ့်မယ်။ ★ အဲဒါမျိုးတွေသွားပြီးတော့ မျှော်လင့်ထားတာ။ အဲလို မျှော်လင့် ထားတဲ့ အတွက်ကြောင့်မို့လို့တဲ့ မဖြစ်သင့်တဲ့ ဒုက္ခတွေ ဖြစ်တယ်။ ရှောင်လွဲနိုင်ရက်နဲ့ ကိုယ်က မရှောင်တာ။ ★ အဲ ဒီဒုက္ခကို တော့ ဒီစကားလုံး ခပ်ကြမ်းကြမ်း၊ မှန်လဲမှန် ကြမ်းလဲကြမ်းတဲ့ စကားလုံးနဲ့၊ ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်ပေါ့ စကားလုံးတလုံးနဲ့ ပြောရင် အဲဒီဟာကို “ကိလေသာဒုက္ခ” လို့ ခေါ်တယ်။ စိတ်ကို မထားတတ်လို့ ဖြစ်တာ။ ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ ??? “မြတ်ဗုဒ္ဓ၏အကောင်းမြင်ဝါဒ - The Buddha’s Positive Thinking (5.10.2018 USA)” တရားတော်မှ ရေးသားပူဇော်ပါသည်။ #Transcribed Htarsuhlaing

View more on Facebook



Leave a Message

×
×

This site was designed with Websites.co.in - Website Builder

IMPORTANT NOTICE
DISCLAIMER

This website was created by a user of Websites.co.in, a free instant website builder. Websites.co.in does NOT endorse, verify, or guarantee the accuracy, safety, or legality of this site's content, products, or services. Always exercise caution—do not share sensitive data or make payments without independent verification. Report suspicious activity by clicking the report abuse below.

WhatsApp Google Map
×

Caution! Unverified Website!


The identity of this user has not yet been verified. Please make transactions at your own risk!

Safety and Abuse Reporting

Thanks for being awesome!

We appreciate you contacting us. Our support will get back in touch with you soon!

Have a great day!

Are you sure you want to report abuse against this website?

Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support

;